Home Catalogue Contact Technical Light Mode Dark Mode
VFU website ကို ဝင်ရောက်ကြည့်ရှုနေသည့်အခါတွင်သော်လည်းကောင်း၊ သင်ခန်းစာများနှင့် အခြားသင်ကြားရေး အထောက်အကူများကို ကူးယူလိုသည့်အခါတွင်လည်းကောင်း အသုံးပြုသူများနှင့် ကျောင်းသားကျောင်းသူများ၏ တစ်ကိုယ်ရည်လုံခြုံရေးကို ရှေးရှုသောအားဖြင့် VPN ဖွင့်ထားပြီးမှ ဆက်လက်ရှာဖွေအသုံးပြုပေးပါရန် အထူးအကြံပြုလိုပါသည်။ အသုံးပြုနိုင်သည့် VPN အကြံပြုချက်များစာရင်းအတွက် နည်းပညာဆိုင်ရာ စာမျက်နှာ (technical ဆိုသည့် tab) ကို ဝင်ရောက်ကြည့်ရှုပေးပါ။ VFU သည် အသုံးပြုသူ၊ လေ့လာဆည်းပူးသူတို့ထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အလှူငွေများကို မည်သောအခါမျှ မည်သည့်နည်းနှင့်မျှ ကောက်ယူခြင်း မပြုပါ။ ကိုယ်ရေးကိုယ်တာအချက်အလက်များတောင်းခံခြင်း (သို့မဟုတ်) အလှူငွေကောက်ခံခြင်းများ ကြုံတွေ့ရပါက ချက်ချင်း လာရောက် အကြောင်းကြား နိုင်ပါသည်။
We highly recommend that you use a VPN when accessing this website or downloading any of our materials for your own privacy and safety. Please see the technical page for a list of VPN suggestions. The VFU will never ask for your private information or for fees or donations from studets. If you receive requests like this please let us know.

ဖက်ဒရယ် တက္ကသိုလ်

Virtual Federal University


ဖက်ဒရယ်တက္ကသိုလ်သည် မြန်မာဖက်ဒရယ်ဒီမိုကရေစီအတွက် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှုကို အဓိကထားသည့် ပညာရေးမျိုး အခမဲ့သင်ကြားမျှဝေပေးရန် ရည်ရွယ်သည်။ ဤတက္ကသိုလ်သည် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်နေသည့် မြန်မာကျောင်းသားများ၏ စိတ်ကူးဆန္ဒများကို အကောင်အထည်ဖော်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စစ်အစိုးရနှင့် မပူးပေါင်းလိုသော ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ စစ်အစိုးရဖိနှိပ်မှုအောက်မှ ပြည်သူများအတွက် ဤနေရာသည် စာသင်ခန်းပြင်ပမှ သင်ယူစရာနေရာနှင့်နည်းလမ်းတစ်ခုဖြစ်စေရန် ရည်မှန်းပါသည်။

တောင်ပေါ်မြေပြန့်အနှံ့မှ မြန်မာလူငယ်များနှင့် ကိုက်ညီမည့် အသိပညာ၊ အတတ်ပညာမျိုးစုံပေးနိုင်မည့် သင်ခန်းစာများ ဤနေရာတွင် ပေးဝေနိုင်ရင် ပြင်ဆင်ထားပါသည်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့် တစ်သားတည်းရှိမှုကို ပြသည့်အနေနှင့် ကမ္ဘာအနှံ့မှ ပညာရှင်များ၊ စာရေးဆရာများ၊ အတွေးအခေါ်ရှင်များက ဤနေရာမှ စာသင်ကြားကြပါမည်။ မိုဘိုင်းဖုန်းပေါ်သို့ ဒေါင်းလုတ်လုပ်နိုင်မည့် အသံ၊ အရုပ်၊ စာကို အခြေခံမည့် အွန်လိုင်းသင်ခန်းစာမျိုးစုံကို ဖန်တီးပေးနိုင်ရန် မျှော်လင့်ပါသည်။ မြန်မာပြည်တွင်းမှ ကျောင်းသားများနှင့်ပြည်သူများအတွက် သင်ခန်းစာများကို ရေဒီယိုနှင့် တီဗီမှတဆင့် ထုတ်လွှင့်ပါမည်။ လွတ်မြောက်နယ်မြေများဖြစ်သည့် ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ကရင်နီနှင့် ရန်ကုန်၊ မန္တလေး စသည့်မြို့များတွင် ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များနှင့် ပူးပေါင်းကာ ကျောင်းသားအချင်းချင်း သင်ကြားမျှဝေရေး အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများသည် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ဤနေရာတွင် တစ်စိတ်တစ်ဝမ်းတည်း လာရောက်တော်လှန်သင်ကြားကြပါမည်။ မြောက်ဖျား ရဝမ်ဘာသာဖြင့်ခေါ်သော ရာဇီတောင်များမှ အနောက်ဘက် ရိုးမများအကြား၊ အရှေ့ဘက်နှင့်တောင်ဘက် သံလွင်မြစ်ကမ်းများပေါ်၊ အလယ်ပိုင်းဧရာဝတီမြေနုလွင်ပြင်များ၌ ဖက်ဒရယ်တက္ကသိုလ်အသီးသီးပေါ်လာသည့် တစ်နေ့၌ ဤနေရာကို ထိုတက္ကသိုလ်များသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။

ဖက္ဒရယ္တကၠသိုလ္သည္ ျမန္မာဖက္ဒရယ္ဒီမိုကေရစီအတြက္ ေဝဖန္ပိုင္းျခားေတြးေခၚနိုင္မွုကို အဓိကထားသည့္ ပညာေရးမ်ိဳး အခမဲ့သင္ၾကားမၽွေဝေပးရန္ ရည္ရြယ္သည္။ ဤတကၠသိုလ္သည္ ဒီမိုကေရစီလွုပ္ရွားမွုတြင္ ပါဝင္ေနသည့္ ျမန္မာေက်ာင္းသားမ်ား၏ စိတ္ကူးဆႏၵမ်ားကို အေကာင္အထည္ေဖာ္ရာမွ ေပၚေပါက္လာျခင္းျဖစ္သည္။ စစ္ေကာင္စီ့္ မပူးေပါင္းလိုေသာ ေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာဆရာမမ်ား၊ စစ္ေကာင္စီ ျပည္သူမ်ားအတြက္ ဤေနရာသည္ စာသင္ခန္းျပင္ပမွ သင္ယူစရာေနရာႏွင့္နည္းလမ္းတစ္ခုျဖစ္ေစရန္ ရည္မွန္းပါသည္။

ေတာင္ေပၚေျမျပန႔္အႏွံ့မွ ျမန္မာလူငယ္မ်ားႏွင့္ ကိုက္ညီမည့္ အသိပညာ၊ အတတ္ပညာမ်ိဳးစုံေပးနိုင္မည့္ သင္ခန္းစာမ်ား ဤေနရာတြင္ ေပးေဝနိုင္ရင္ ျပင္ဆင္ထားပါသည္။ ျမန္မာ့ဒီမိုကေရစီလွုပ္ရွားမွုႏွင့္ တစ္သားတည္းရွိမွုကို ျပသည့္အေနႏွင့္ ကမၻာအႏွံ့မွ ပညာရွင္မ်ား၊ စာေရးဆရာမ်ား၊ အေတြးအေခၚရွင္မ်ားက ဤေနရာမွ စာသင္ၾကားၾကပါမည္။ မိုဘိုင္းဖုန္းေပၚသို႔ ေဒါင္းလုတ္လုပ္နိုင္မည့္ အသံ၊ အ႐ုပ္၊ စာကို အေျခခံမည့္ အြန္လိုင္းသင္ခန္းစာမ်ိဳးစုံကို ဖန္တီးေပးနိုင္ရန္ ေမၽွာ္လင့္ပါသည္။ ျမန္မာျပည္တြင္းမွ ေက်ာင္းသားမ်ားႏွင့္ျပည္သူမ်ားအတြက္ သင္ခန္းစာမ်ားကို ေရဒီယိုႏွင့္ တီဗီမွတဆင့္ ထုတ္လႊင့္ပါမည္။ လြတ္ေျမာက္နယ္ေျမမ်ားျဖစ္သည့္ ကခ်င္၊ ကရင္၊ မြန္၊ ရွမ္း၊ကရင္နီႏွင့္ ရန္ကုန္၊ မႏၲေလး စသည့္ၿမိဳ႕မ်ားတြင္ ရွိေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတကၠသိုလ္မ်ားႏွင့္ ပူးေပါင္းကာ ေက်ာင္းသားအခ်င္းခ်င္း သင္ၾကားမၽွေဝေရး အစီအစဥ္မ်ားကိုလည္း လုပ္ေဆာင္သြားမည္ ျဖစ္ပါသည္။

ေက်ာင္းသူေက်ာင္းသားမ်ားႏွင့္ ဆရာဆရာမမ်ားသည္ ျမန္မာ့ဖက္ဒရယ္ဒီမိုကေရစီအေရးအတြက္ ဤေနရာတြင္ တစ္စိတ္တစ္ဝမ္းတည္း လာေရာက္ေတာ္လွန္သင္ၾကားၾကပါမည္။ ေျမာက္ဖ်ား ရဝမ္ဘာသာျဖင့္ေခၚေသာ ရာဇီေတာင္မ်ားမွ အေနာက္ဘက္ ရိုးမမ်ားအၾကား၊ အေရွ႕ဘက္ႏွင့္ေတာင္ဘက္ သံလြင္ျမစ္ကမ္းမ်ားေပၚ၊ အလယ္ပိုင္းဧရာဝတီေျမႏုလြင္ျပင္မ်ား၌ ဖက္ဒရယ္တကၠသိုလ္အသီးသီးေပၚလာသည့္ တစ္ေန႔၌ ဤေနရာကို ထိုတကၠသိုလ္မ်ားသို႔ လႊဲေျပာင္းေပးသြားမည္ ျဖစ္ပါသည္။


Mission Statement

The Virtual Federal University aims to provide a free, critical education for Myanmar federal democracy. Envisioned by Myanmar students who are currently taking part in the democracy movement from within the country, the Virtual Federal University provides a portal for alternative teaching and learning for faculty and students who refuse to cooperate with the Myanmar junta, as well as to those facing persecution by the regime.

Content will include lectures and trainings on broad-based topics and skills relevant to Myanmar youth from the highlands to the plains. Intellectuals around the world will contribute to teaching on a pro-bono basis in solidarity with the Myanmar democracy movement. The Virtual Federal University will provide online lessons in audio, video, and textual formats on a mobile-friendly platform. Educational materials will also be delivered to local audiences inside Myanmar via radio and TV. The University aims to facilitate peer to peer teaching and learning and to collaborate with independent universities and schools in liberated and federated areas such as Kachin, Karen, Mon, Shan, and Karenni as well as autonomous universities from the cities such as Yangon and Mandalay.

We, students and educators, converge here on this portal in a collective struggle towards Myanmar federal democracy. We will hand over this place to stakeholders of the physical federal universities when they emerge in the mountains from Razis of the north to the Yomas in the west, riverbanks of Salween in the east and south, and floodplains of Irrawaddy in the heartland. Please join our journey.

Join the telegram to receive updates

Virtual Federal University