top of page

မနုဿဗေဒ နိဒါန်း

-

မော်ကျူးအရေအတွက် - - -

ဘာသာစကားများ - - -

ဒီသင်တန်းမှာ လူ့အသိုင်းအဝိုင်းက အဖြစ်အပျက်တွေ၊ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ စရိုက်လက္ခဏာ စတာတွေ အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်တာတွေကို လေ့လာမယ့် မနုဿဗေဒအခြေခံကို မိတ်ဆက်ပေးသွားမှာပါ။ အထူးသဖြင့် ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ လူ့အသိုက်အဝန်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေအပေါ် လူတွေရဲ့ ခံယူချက်၊ ယုံကြည်ချက်၊ တန်ဖိုးထားမှုတွေ၊ လူသားအချင်းချင်း၊ လူသားနဲ့ ပတ်ဝန်းကျင် အပြန်အလှန် ဆက်စပ်၊ ဆက်ဆံပုံတွေ၊ လူတွေရဲ့ဘဝအတွေ့အကြုံတွေနဲ့ သူတို့ရဲ့ ဘဝအပေါ် တခြားလူတွေ တုံ့ပြန်ပြုမူပုံတွေကို အဓိကထားလေ့လာမှာပါ။ မနုဿဗေဒအခြေခံသင်တန်းမှာ လေ့လာနိုင်မယ့် အကြောင်းအရာတွေကတော့
၁။ မနုဿဗေဒနိဒါန်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
၂။ ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
၃။ လူမျိုးစုဆိုင်ရာ လေ့လာမှုများ
၄။ ဆွေမျိုးတော်စပ်ပုံနှင့် လူမျိုးရေးအယူအဆ
၅။ အရှေ့တောင်အာရှရဲ့ မနုဿဗေဒဆိုင်ရာပုံရိပ်များ
၆။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက အမျိုးသမီးများ၏ အခန်းကဏ္ဍ
၇။ စစ်နှင့် အကြမ်းဖက်မှုအပေါ် သုံးသပ်ချက်များ
၈။ စုန်းအတတ်နှင့် ယဥ်ကျေးမှု
၉။ မနုဿဗေဒဆိုင်ရာ ကွင်းဆင်းလေ့လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သင်တန်းအကျဉ်းချုပ်

---

သင်တန်းမော်ကျူးများ

---

​ဤသင်တန်းကို
မကြာမီ ဖွင့်လှစ်သင်ကြားပါမည်။
​ဤသင်တန်းကို
မကြာမီ ဖွင့်လှစ်သင်ကြားပါမည်။
​ဤသင်တန်းကို
မကြာမီ ဖွင့်လှစ်သင်ကြားပါမည်။
bottom of page