နည်းပညာအကူအညီ
VPN ကို ဘယ်လိုအသုံးပြုရမလဲ။
သင့်ရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် ဒီဝဘ်ဆိုက်ကို အသုံးပြုတဲ့အခါပဲဖြစ်ဖြစ် ကျွန်ုပ်တို့ရဲ့ စာရွက်စာတမ်းတွေကို ဒေါင်းလုပ်ဆွဲတဲ့အခါပဲဖြစ်ဖြစ် VPN တစ်ခုခုကို အသုံးပြုဖို့ အထူးတလည်တိုက်တွန်းပါတယ်။ ကျွန်ုပ်တို့ အကြံပြုတဲ့ အခမဲ့ free VPN တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပိုမိုအရည်အသွေးပြည့်ဝတဲ့ ရွေးချယ်စရာ VPN တွေလည်း ရှိပါတယ်။ သူတို့တွေမှာတော့ ဒေတာအကန့်အသတ်မရှိတဲ့အတွက် သုံးစွဲနေရင်း VPN ပြတ်တောက်သွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ဒေတာအကန့်အသတ်ပြည့်လို့ VPN ပြတ်တောက်သွားတဲ့ ပြဿနာကို အခမဲ့ရရှိတဲ့ free VPN တွေ တစ်ခုပြီးတစ်ခုပြောင်းသုံးခြင်းဖြင့်လည်း ဖြေရှင်းနိုင်တဲ့အတွက် အခကြေးငွေပေးဝယ်ယူရခြင်းဟာ မဖြစ်မနေ လိုအပ်တာတော့မဟုတ်ပါဘူး။ အခကြေးငွေပေးဝယ်ယူမယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အခမဲ့ရရှိနိုင်တဲ့ VPN တွေမှာလည်း အခကြေးငွေပေးဝယ်ယူနိုင်တဲ့ ရွေးချယ်စရာတွေရှိသလို Nord VPN နဲ့ Mullvad VPN တို့ကိုလည်း ညွှန်းလိုပါတယ်။
ဖိုင်များကို ဇစ်ဖြည်ခြင်း
Android ဖုန်း တော်တော်များများမှာ Files by Google ကိုအသုံးပြုပြီး ဖိုင်များကို ဇစ်ဖြည်ကာ (unzip ပြုလုပ်ကာ) သင်ခန်းစာများကို ကြည့်ရှုနိုင်ပါတယ်။
Huawei ဖုန်းအချို့မှာတော့ Google services အလုပ်မလုပ်ခြင်းများရှိနိုင်ပေမယ့် Huawei ဖုန်းမှာ နဂိုပါပြီးသားဖြစ်တဲ့ Files app ရဲ့အကူအညီနဲ့ ဖိုင်များကို ဇစ်ဖြည်နိုင်ပါတယ်။
ဖိုင်များကို မျှဝေခြင်း
ကျောင်းသူ၊ ကျောင်းသားတွေ၊ သင်ကြားပို့ချသူတွေအနေနဲ့ VFU သင်တန်းက သင်ခန်းစာ၊ စာရွက်စာတမ်းများကို လွတ်လွတ်လပ်လပ်မျှဝေကြဖို့ ကျွန်ုပ်တို့ တိ ုက်တွန်းပါတယ်။ ဖုန်းအချင်းချင်းမျှဝေတဲ့အခါ အခမဲ့ app တစ်ခုဖြစ်တဲ့ Zapya ကနေတစ်ဆင့် ဖိုင်များကို မျှဝေနိုင်ပါတယ်။ USB sticks ဒါမှမဟုတ် SD ကဒ်များကတစ်ဆင့်လည်း ဖိုင်များကို မျှဝေနိုင်ပါတယ်။ SD ကဒ်တွေကို ဖုန်းထဲမှာ ဝှက်ထားပြီး လိုအပ်ရင် လွှင့်ပစ်နိုင်ပါတယ်။