ဆရာတို့ပြောသော မြန်မာ့သမိုင်း
အလိမ်များ
Dr. Rose Metro
မော်ကျူးအရေအတွက် - ၆
ဘာသာစကားများ - အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊
ဂျိမ်းဖောဘာသာ
ဤသင်တန်းတွင် အစိုးရ၏ ဝါဒဖြန့်မှုများကို သံသယရှိနေသော ပြည်သူများတောင်မှ နှစ်ရှည်လများ တဖြည်းဖြည်းလွှမ်းမိုးခံလာရသော နိုင်ငံမီဒီယာများ နှင့် ကျောင်းပြဋ္ဌာန်းစာအုပ်များတွင် ထပ်ကာထပ်ကာ သင်ကြားပေးနေသော "ပြောစမှတ်တွင်စရာ" ဒဏ္ဍာရီဆန်ဆန် မြန်မာ့သမိုင်းကြောင်း (၅)ခုကို တင်ပြထားပါမည်။ ပထမအပိုင်းတွင် "မြန််မာနှင့် ကမ္ဘာတစ်ဝှမ်းတွင် သမိုင်းဖြစ်စဉ်များကို နိုင်ငံရေးလက်နက်အဖြစ် ဘယ်လိုအသုံးနေခဲ့သလဲ" ဆိုတာကို တင်ပြထားပါမည်။ ကျန်အပိုင်း ၅ ခုတွင်
"၁။ ဗြိတိသျှတို့ နယ်မချဲ့မီ ဗမာ့ဥပဒေအောက်တွင် တိုင်းရင်းသားလူမျိုးစုအားလုံး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ရှိခဲ့ကြသည်။
၂။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား (၈)မျိုးနှင့် လူမျိုးစု (၁၃၅)မျိုး ရှိကြသည်။
၃။ ပင်လုံစာချုပ်ကို တိုင်းရင်းသားအားလုံး သဘောတူလက်ခံကြသည်။
၄။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။
၅။ ၁၉၆၂ စစ်တပ်အာဏာသိမ်းခြင်းသည် နိုင်ငံပြိုကွဲမှုကို ကာကွယ်ရန် လိုအပ်၍ သိမ်းခြင်းဖြစ်သည်။ " ဟူသော ဤအကြောင်းအရာ (၅)ခုကို "၎င်းတို့ဘယ်လိုဖြစ်လာသလဲ၊ ဘယ်သူတွေကို အကျိုးပြုသွားသလဲ" ဟူ၍ ဆန်းစစ်ပြီး ခွဲခြမ်းလေ့လာရန် မူလရင်းမြစ်စာရွက်စာတမ်းကို အသုံးပြုထားပါသည်။
သင်တန်းအကျဉ်းချုပ်
---
သင်တန်းမော်ကျူးများ
---