top of page

လူမျိုးနှင့်ဇာတ်

Dr. Arash Sedighi

မော်ကျူးအရေအတွက် - ၃

ဘာသာစကားများ - အင်္ဂလိပ်ဘာသာ, မြန်မာဘာသာ, ကရင်ဘာသာ

မကြာသေးမီနှစ်များအတွင်း လူမှုရေးဆိုင်ရာအဆင့်အတန်းလွှာဖြစ်သော လူမျိုးနှင့်ဇာတ်အကြောင်းကို ပိုမိုပြောဆိုလာကြသည်။ ထို့အပြင် တောင်အာရှရဲ့ ဒါးလစ် (Dalit)လှုပ်ရှားသူများနှင့် လူမဲလူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများသည် လူမျိုးနှင့်ဇာတ်ခွဲခြားခြင်းရဲ့ လွတ်မြောက်မှု ပြယုဂ်များဖြစ်သည်။ လူမျိုးဆက်နွယ်မှုများကို ပိုမိုနားလည်စေရန် "ဇာတ်"ကို အမျိုးအစားတစ်ခုအဖြစ် ထည့်သွင်းဖော်ပြထားသည်။ တစ်ခါတစ်ရံတွင် ချေးငှားခြင်း၊ နှိုင်းယှဥ်ခြင်း နှင့် အပြန်အလှန် နားလည်မှု လွဲမှားမှုများ ရှိသော်လည်း လူမျိုးနှင့်ဇာတ်ကို သေချာပြောဖို့ရာ ခဲယဉ်းပါသည်။ ဤမော်ကျူးတွင် ကျောင်းသားကျောင်းသူများသည် အလွှာအဆင့်ဆင့်သတ်မှတ်ပုံများနှင့် လူမျိုး အမျိုးဇာတ်နှင့် ဇာတိပေါ် အခြေခံသည့် လူမှုရေးဆိုင်ရာ မတရားမှုများ အကြောင်းကို လေ့လာခွင့် ရမည်ဖြစ်သည်။ ဤအမျိုးအစားများကို ဆန့်ကျင်ဘက်အဖြစ် တွေးနေမည့်အစား ၎င်းတို့၏ ဆက်နွယ်မှုများကို စူးစမ်းလေ့လာ၍ သိရှိနားလည်ရန် အာရုံစိုက်သွားမည်ဖြစ်သည်။ ပထဝီအနေအထားအားဖြင့် ဤမော်ကျူးသည် Anglophone ဒေသများကို အဓိက ဦးစားပေးသွားမည် ဖြစ်သည်။ ဗြိတိသျှအင်ပါယာ၏ ကောင်းမွေဆိုးမွေနှင့် ထိုမှဖြစ်ပေါ်လာသော လူမှုရေးနှင့်နိုင်ငံရေး ပဋိပက္ခများကို ပြောသွားမည် ဖြစ်ပါသည်။

သင်တန်းအကျဉ်းချုပ်

---

bottom of page